Upcoming Programs & Events

Singing Hallelujah

အရင်တည်သော ယုံကြည်ခြင်း By Sayarma Nyo Mie
အရင်တည်သော ယုံကြည်ခြင်း By Sayarma Nyo Mie

🔹ကမ္ဘာဦးကျမ်း ၂၅:၂၁-၂၃ မှာ ဣဇာက်သည် မိမိမယားရေဗက္ကာမြုံသောကြောင့် ထာဝရဘုရားကိုတောင်းပန်၍ ထာဝရဘုရားနားထောင်တော်မူသဖြင့် သူ၏မယားသည် ပဋိသန္ဓေစွဲယူလေ၏။ ဝမ်းအတွင်းကသူငယ်တို့သည် အချင်းချင်းတိုက်သောကြောင့် ထာဝရဘုရားကိုမေးလျှောက်သောအခါ ဝမ်းတွင်း၌ လူမျိုးနှစ်မျိုးရှိပြီး အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်။

View details →

သင်လွတ်နိုင်မည်ဟု မထင်ပါနှင့်။ By Rev. Kairos Kim
သင်လွတ်နိုင်မည်ဟု မထင်ပါနှင့်။ By Rev. Kairos Kim

Do you think you can escape / သင်လွတ်နိုင်မည်ဟု မထင်ပါနှင့်။🔹လောကမှာ လူတော်တော်များများက ကိုယ်လွတ် ရုန်းတတ်ကြတယ်။ စာတန်မာနတ်က လည်းလူတွေကို ဖိစီးပြီး စိတ်ဓာတ်ရေးရာမှာ တိုက်ခိုက်နေတာ ဖြစ်တယ်။ ကျွန်တော်တို့နဲ့ထိစပ်သော ယုံကြည်သူ မိသားစုအတွင်းမှာ လွတ်မြောက်နိုင်ဖို့ ယေရူအသွေးတော် ခိုလှုံရမယ်။ ကိုယ်လွတ် မရုန်းဖို့နဲ့  ကိုယ်လုပ်ရမဲ့ တာဝန်ကို လုပ်တတ်ဖို့ရန် နှုတ်ကပတ်တော်ကသွန်သင်ထားပါတယ်။

View details →

" လောကအဖ နဲ့ ကောင်းကင်ဘုံရှင် အဖ " By Rev. Cin Khan Thang
" လောကအဖ နဲ့ ကောင်းကင်ဘုံရှင် အဖ " By Rev. Cin Khan Thang

လောကအဖ နဲ့ ကောင်းကင်ဘုံရှင် အဖ🔹ဧဖက်ဩဝါဒစာ ၆:၃ မှာ မိဘကို ရိုသေစွာပြုရင်  ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မယ် လို့ ကျမ်းစာက ဖော်ပြထားတယ်။ 🔹လူတိုင်းမှာ မိဘမရှိဘဲ မွေးဖွားလာတဲ့သူ မရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အသက်တာမှာ မိဘကို ရိုသေစွာ ပြုခြင်းဖြင့် ကောင်းစားပြီး အသက်တာ ရှည်ဖို့ ဘုရားသခင်ဆီက အခွင့်အရေးတန်းတူရတာ ဖြစ်တယ် ။🔹ကိုယ်မိဘက နုံချာပြီး ဆင်းရဲသည်ဖြစ်စေ၊ လှပ ချမ်းသာသည် ဖြစ်စေ မိဘကိုကြည့်တိုင်း ကျွန်တော် တို့ရဲ့ ကောင်းကြီးမင်္ဂလာ စီးဆင်းရာလမ်းကြောင်း ဖြစ်တယ်လို့ သိရမယ်။

View details →

DONATE OUR CHURCH

Honor the Lord with your wealth. Proverbs 3:9 (NIV)

Donate Now →

LATEST TESTIMONIALS

ခွင့်မလွှတ်နိုင်တဲ့အရာတွေ သူတပါးအပြစ်ချည်နှောင်မိတာတွေကို ကျွန်မဒီသင်တန်း တက်ခြင်းအားဖြင့် ခွင့်လွှတ်တတ်လာတယ်။

ခွင့်မလွှတ်နိုင်တဲ့အရာတွေ သူတပါးအပြစ်ချည်နှောင်မိတာတွေကို ကျွန်မဒီသင်တန်း တက်ခြင်းအားဖြင့် ခွင့်လွှတ်တတ်လာတယ်။

on 29 Jun 2021

ဟုတ်ကဲ့ မင်္ဂလာပါရှင်။ကျွန်မက HIC Teaching ministryကဖွင့်လှစ်သင်ကြားတဲ့ LIC,GTM online Bible class သင်တန်း‌ကျောင်းကိုပြီးစီးအောင်မြင်ထားတဲ့ကျောင်းသူတစ်ယောက်ပါ။ရှေ့ဦးစွာဒီသင်တန်းကို တက်ရောက်ခွင့်‌ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်။

Read Testimonial →
ဝိညာဥ်ရေးရာမှာယိုင်လဲကျသွားတာကြာပါပြီ ပြန်ထလာဖို့အတွက်ခေါင်းမာခဲ့တယ် မလုပ်ချင်ဘူး သို့သော်

ဝိညာဥ်ရေးရာမှာယိုင်လဲကျသွားတာကြာပါပြီ ပြန်ထလာဖို့အတွက်ခေါင်းမာခဲ့တယ် မလုပ်ချင်ဘူး သို့သော်

on 29 Jun 2021

Online မှာသင်တန်းဖွင့်ပေးလို့ကျေးဇူးတင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့အတန်းတက်ရမယ်ဆိုရင်တော့ ကျွန်မက ဤသင်တန်းတက်ရမည်မဟုတ်ပါ  အမြဲတမ်းခွင့်မရတဲ့အတွက်ကြောင့်ဖြစ်တယ်။ နောက်တစ်ခုက သင်တန်းအချိန်မှီပုံတက်ရဖို့ကအခက်အခဲရှိမယ် သင်တန်းအချိန်မမှန်တာလည်းရှိနိုင်တယ်။ Online ကနေဖွင့်ပေး တော့အရမ်းအဆင်ပြေတယ်။ သင်တန်းတက်ခွင့်ရတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်။

Read Testimonial →
ကျမအသက်၃၆နှစ်ထိမသုံးနူန်းဖူးတဲ့စကားအရမ်းစိမ်းတဲ့စကားလုံးက ခွင့်လွတ်ခြင်းဆိုတဲ့စကားလုံးပါဘဲ။

ကျမအသက်၃၆နှစ်ထိမသုံးနူန်းဖူးတဲ့စကားအရမ်းစိမ်းတဲ့စကားလုံးက ခွင့်လွတ်ခြင်းဆိုတဲ့စကားလုံးပါဘဲ။

on 29 Jun 2021

ကျွန်မ GTMသင်ခန်းစာရဲ့ခေါင်းစဥ်အရင်ဆုံးကြည့်လိုက်တော့ Lesson 6 ခွင့်လွတ်ခြင်းကိုတွေ့လိုက်တဲ့အချိန် သင်တန်းဆက်မတက်ချင်ကြောင်းသူငယ်ချင်းကိုဖုန်းဆက်ပြီးပြောပြပါတယ်။ 

Read Testimonial →

RECENT SERMONS

WEEKLY BIBLE VERSES

46th week of 2022
ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့်၊
ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊
ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့။ ဧဖက်​ဩဝါဒစာ 6 :13
45th week of 2022
ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။
သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင် 16: 24
44th week of 2022
ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊
တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊ကျေးဇူးတော်ကို
ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။ ကောလောသဲ​ဩဝါဒစာ 2:6-7

OUR GALLERY